Tuesday, June 25, 2013

Facebook lock မကျ အောင် ဖွင့်နည်း



မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ facebook အကောင့်အသစ် ဖွင့်ရင် လော့ကျကျနေတ ယ်ပြောလို့ အဆင်ပြေနိုင်ဆုံးနည်း လမ်းလေးကို ပြန်လည်ဝေမျှပေး တာဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင် အကောင့် လေးခုလောက် စမ်းပြီး ဖွင့်ပေးပြီးသွားပါပြီး လော့ မကျပါဘူးအဆင်ပြေပါတယ်။ သူငယ်ချင်း အားလုံးလည်း ဒီနည်းလမ်းလေးကို အသုံးပြုကြည့်နိုင်ပါတယ်ခင်ဗျာ။ စမ်းသပ် ကြည့်မဲ့သူငယ်ချင်းများအတွက် အသုံးဝင်မှာပါ။ proxy တွေ ကျော်သုံးစရာလည်းမလိုပါဘူး Firefox browser လေးနဲ့ ဖွင့်မဲ့နည်းလမ်းေ လးကိုပြောပါ့မယ်။
ဒါနဲ့ ဘယ်လိုစမ်းမိသွားလည်း ဆိုတော့ လာလာနှိပ်စက်တဲ့သူတွေ ရှိနေလို့ပါ မနေနိုင်လို့ လုပ်ပေးရင်းနဲ့ ဒီနည်းလမ်းလေးတွေ့သွားတာပါ။ အရင်ဆုံး facebook အသုံးပြုဖို့အတွက် mail တစ်ခု ရှိဖို့လိုအပ်ပါတယ် ရှိပြီးသားသူငယ်ချင်းတွေအတွက်တော့ ဒီအဆင့်က မလိုပါဘူး မရှိသေးတဲ့သူငယ်ချင်းများအတွက်တော့ mail တစ်ခုဖွင့်လိုက်ပါ ဘာမေးဖြစ်ဖြစ်ပါ အလွယ်ဆုံးကတော့ yahoo.com မှာ yahoo mail အသစ်တစ်ခုသွား ဖွင့်လိုက်ပါ။ အကောင့် လုပ်နည်းလေးပါ တစ်ခါတည်းပြောပေးပါ့မယ်ခင်ဗျာ။







အောက်က အဆင့်မှာတော့ တစ်ခါတစ်လေး ဖုန်းနံပါတ်လေးထည့်ပြီး verify လုပ်ခိုင်းပါတယ် တစ်ခါတစ်လေကျတော့လည်း eye test စာလုံးလေးတွေ မှန်အောင်ရိုက်ခိုင်းပြီးတော့လုပ်ရပါတယ်။ အကောင့်ရသွားပြီ ဆိုရင်တော့ firefox ကိုပိတ်လိုက်ပါ။ windown logo နဲ့ R ကိုတွဲနှိပ်လိုက်ပါ။ Run box တတ်လာပါလိမ့်မယ် အဲဒီ run box ထဲမှာ %appdata% ဆိုတာရိုက်ပြီး enter နှိပ်လိုက်ပါ။ ဖိုဒါတွေ များကြီးတတ်လာပါလိမ့်မယ်။ အဲဒီထဲကမှ mozilla ဖိုဒါကိုရှာပြီး Shift Delet နှိပ်ပြီး ဖျက်ပစ်လိုက်ပါ။



ဖျက်ပြီးသွားရင်တော့ firefox icon လေးကို နှိပ်ပြီး ဖွင့်လိုက်ပါ။ Install လုပ်စဉ်ကအတိုင်း setting ပြန် run ပါလိမ့်မယ် ပြီးသွားရင် firebox တတ်လာပါပြီခင်ဗျာ။ facebook အကောင့်လုပ်ဖို့အတွက် www.facebook..com သို့သွားလိုက်ပါ။



ကောင့်ရသွားရင်တော့ နောက်တစ်မျက်နှာရောက်သွားပါလိမ့်မယ် ။



Save & Continue ကိုနှိပ်လိုက်ပါ set profile picture ကိုရောက်သွားပါလိမ့်မယ်။

ပြီးသွားရင်တော့ save & continue ကိုနှိပ်လိုက်ပါ home page တတ်လာပါပြီ အဲဒီမှာ go to your gmail ဆိုတာလေး ပေါ်လာပါလိမ့်မယ် မနှိပ်လိုက်ပါနဲ့ နှိပ်လိုက်ရင်တော့ lock ကျပါပြီ တစ်ခါတစ်လေလည်းမကျပါဘူး ကျတာက များပါတယ်။ ဘာပဲဖြစ်ဖြစ်မနှိပ်ပါနဲ့ firefox မှာ New Tab ခေါ်လိုက်ပါ။ မိမိအကောင့်လုပ်တဲ့ mail ကိုဖွင့်လိုက်ပါ။ facebook က ပို့ထားတဲ့ Just for one more step ဆိုတဲ့ မေးလေးရောက်ပါလိမ့်မယ် အဲဒါဆိုရင်တော့ ပထမဖွင့်ထားတဲ့ facebook page မှာ news feeds ကနေ post အသစ်တစ်ခုလောက် ချက်ခြင်းတင်လိုက်ပါ။ တင်ပြီးသွားရင်တော့ မေးထဲမှာ facebook ကပို့ထားတဲ့မေးကို ဖွင့်ပြီး activate လုပ်လို့ရပါပြီ။





facebook အကောင့် complete singup လုပ်သွားပါလိမ့်မယ်။ ခုဆိုရင် facebook အကောင့်ကို လော့မကျအောင် ဖွင့်နည်းလေး ပြီးပါပြီး ဖုန်းထဲမှာပဲ ဖြစ်ဖြစ် အကောင့်ကို sing out လုပ်ပြီး ပြန်ဝင်ကြည့်တာပဲဖြစ်ဖြစ်လုပ်ကြည့်နိုင်ပါတယ် ခင်ဗျာ။ စမ်းသပ်ပြီးသားလေး အဆင်ပြေအောင် ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ gmail ရှိပြီးသား သူငယ်ချင်းများလည်း gmail အကောင့်နဲ့ဖွင့်နိုင်ပါတယ်ခင်ဗျာ။ လာရောက်အားပေးကြတဲ့သူငယ်ချင်းများကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

Sunday, June 23, 2013

DVd ခွေ ဖန် တီးချင သူများအတွက်



Joboshare DVD Creator 3.4.9.0617 | 16 MB WITH KEYGEN

DVD ခွေ ဖန်တီးချင်တဲ့ သူငယ်ချင်းတွေအတွက် ဆော့ဝဲကောင်းလေးကို

ပြန်လည်မျှဝေလိုက်ပါတယ်။အစကတော့ လုပ်ပြမို့ ဒီကောင်လေး ကို

မအားတာနဲ့ ဆော့ဝဲ ကိုအရင်တင်လိုက်တယ် ပြီးတော့မှပဲ လုပ်နည်းလေးတွေရေးတော့မယ်

MENU တွေ စာတန်းထိုးတာတွေ ကို ဒီကောင်လေးနဲ့ လုပ်လို့ရတယ်ဗျ


အောက်မှာသူ့အကြောင်း ရေးထားတာလေးရှိတယ် လုပ်ချင်တယ် ဆို ဖတ်ပြီးတော့

လုပ်ကြည့်ပါ Keygen လေးနဲ့နော်

MEDIAFIRE | ZIPPYSHARE | SHAREBEAST | BOX

Download Here (or) Download

Friday, June 21, 2013

သိထားသင့်သော ကျန်းမာရေးဗဟုသုတများ

လူသားတို့၏ခန္ဓာကိုယ်သည် အံ့သြဖွယ်စွမ်းရည်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ထိုစွမ်းရည်များထဲမှ တစ်ခုသည် နာမကျန်းဖြစ်နေ ပြီဆိုပါက ထိုအကြောင်းကို ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုခုက ပြသနေတတ်ခြင်းပင်ဖြစ်သည်။ နံနက်ခင်းမျက်နှာသစ်ပြီးစအချိန်တွင် လူသားတိုင်း တစ်ကြိမ်တော့ မှန်ကြည့်မိတတ်ကြပါသည်။ ထိုအချိန်မျိုးတွင် အချိန်အနည်း ငယ်မျှပေး၍ ကြေးမုံပြင်တွင်ထင်ဟပ်နေသော မိမိတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းပုံရိပ်များကို ကြည့်ရှုစစ်ဆေးပေးခြင်း ဖြင့် ကျန်းမာရေးယိုယွင်းလာမှု၏ အစောပိုင်းလက္ခဏာများကို သိမြင် လာနိုင်သည်ဟု ကျန်းမာရေးဆိုင်ရာပညာရှင်တို့ ဆိုကြ ပါသည်။ ထိုအချိန်မျိုးတွင် မိမိခန္ဓာကိုယ်မှ- (၁)လက်သည်း (၂)ချိုင်း (၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် (၄)ဦးရေပြား (၅)ဝမ်းဗိုက် (၆)လျှာ (၇)မျက်စိ တို့ကို ကြည့်ရှုစစ်ဆေးသင့်ကြောင်း ပညာရှင်တို့အကြံပြုထားပါသည်။
(၁) လက်သည်း။ လူသားတို့၏အရေပြားတွင် ခုံးထနေသောမှဲ့များ တွေ့ရတတ်ပါသည်။ ထိုမှဲ့များသည် အရေပြား ကင်ဆာ၏ ရှေးဦးသင်္ကေတဖစ်နိုင်ပါသည်။ မှဲ့ကင်ဆာသည် လက်သည်း၏အောက်ဖက်တွင်လည်း ဖြစ်ပွားနိုင်ပါသည်။ လက်သည်းပေါ်မှ အဝါရောင်၊ အညိုရောင်၊ အမည်းရောင်အစင်းများသည် အရေပြားကင်ဆာ၏ ရှေးဦး ပုံရိပ်ဖြစ် နေတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအစင်းများသည် မှဲ့ကင်ဆာကြောင့် ဆဲလ်များထိခိုက်ပျက်စီးရာမှ ဖြစ်ပေါ်လာတတ်သာကြောင့်ဖြစ်သည်။ မှဲ့ကင်ဆာသည် အရေပြားကင်ဆာများ ထဲတွင် အသေအပျောက်အများဆုံးသောရောဂါ ဖြစ်သည်ဟု နယူး ယောက် စီးတီးမှ အရေပြားအထူးကုဒေါက်တာ အေရီအော့စတိ က ဆိုပါသည်။ သို့ရာတွင် စောစီးစွာသိရှိကုသနိုင်ပါက ၉၅ရာခိုင်နှုန်းမှာ ပျောက်ကင်းနိုင်ပါသည်။ ထို့ကြောင့် လက်သည်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အထက်ပါအချက်များကို စောစီးစွာ သိနိုင်မည်ဖြစ်သည်။ လက်သည်းပေါ်တွင် အဖြူအစင်းများရှိနေပြီး ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခန္ဓာကိုယ်ကခံစားနေရပြီဆိုပါက သတိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် ကျောက်ကပ်များ လုပ်ဆောင်မှုအားနည်းရာမှ ဖြစ်ပေါ်လာတတ်သော သင်္ကေတဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထိုအဖြူစင်းများသည် ဆီးတွင်ပါသွားသော အသားဓာတ်များကို ကျောက်ကပ်က ပြန်လည်စုပ်ယူမထား နိုင်ခြင်းသင်္ကေတဖြစ်သည်ဟု ဒေါက်တာအော့စတိကဆိုပါသည်။ ဆိုလိုသည်မှာ ခန္ဓာ ကိုယ်သည် အသားဓာတ်ထိန်းသိမ်းထားနိုင်မှုထက် ဆုံးရှုံးမှုကပိုများနေကြောင်း၊ ကျောက်ကပ်များလုပ်ဆောင်မှု အားနည်း နေကြောင်းကို ညွှန်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့်ပြသကာ ဆီးစစ်ရန်လိုအပ်ကြောင်းညွှန်ပြနေသော အမှတ်အသား ဟု ဆိုရ မည်ဖြစ်သည်။
(၂) ချိုင်း။ တစ်ခါတရံ ချိုင်းတွင် ကြမ်းတမ်းသောအမည်းကွက်များ မြင်တွေ့ရလေ့ရှိပါသည်။ နေရောင်ဒဏ်ခံအဆီ သုတ်လိမ်းထားခြင်း ကြောင့်မဟုတ်ပါက ထိုသင်္ကေတသည် ဆီးချို၊ သွေးချိုရောဂါရှိနေခြင်း သင်္ကေတ ဖြစ်နိုင်သည်ဟု Web MD’s Chief Editor ဒေါက်တာ မိုက်ကယ်စမစ်က ဆိုပါသည်။သွေးထဲတွင် အင်ဆူလင်အမြောက်အများ ရှိနေခြင်းသည် အရေပြားဆဲလ်များကို လျင်မြန်စွာကွဲပြားစေပြီး တစ်ရှုးနှင့်မယ်လနင် ဓာတ်ဖြစ်ပေါ်နှုန်း မြင့်မားစေပါသည်။ ထိုအခါ အရေပြားသည် ကြမ်းတမ်းပြီး ပိုမည်းလာပါသည်။ အများအားဖြင့် ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံများတွင် အမည်း ကွက်များ တွေ့ရတတ်သည်ဟု ဒေါက်တာ မိုက်ကယ်စမစ်ကဆိုပါသည်။ ထို့ကြောင့် ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက် များတွေ့ရပါက ဆီးချို၊ သွေးချိုရောဂါရှိမရှိကို စစ်ဆေးသင့် ကြောင်း အကြံပြုပါသည်။ ဆီးချို၊ သွေးချိုရောဂါသည် ရောဂါ ဖြစ် ပွား နေကြောင်းကို အများအားဖြင့် မသိရှိကြသောရောဂါဖြစ်သည်။
(၃) မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်။ မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်တို့တွင် သေးငယ်ပျော့ပြောင်းသော အဖြူရောင် (သို့မဟုတ်) ဝါကျင်ကျင်အလုံးလေးများ တွေ့ရလျှင် သတိထားသင့်သည်ဟု ဒေါက်တာစမစ်ကဆိုပါသည်။ ထိုအလုံးကလေးမျာကိုလည်းတွေ့ရ၊ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်တွင် ကိုလက်စထရောပမာဏလည်း မြင့်တက်နေပါက အသက်အန္တရာယ်ရှိနိုင်သော နှလုံးရောဂါ၏ လက္ခဏာဖြစ်သည်။ ထိုလက္ခဏာကို သိရှိမြင်တွေ့ရပါက ကျွမ်းကျင်သူဆရာဝန် နှင့် တိုင်ပင် ဆွေးနွေးသင့်သည်ဟုလည်း ဒေါက်တာစမစ်က ဆိုထားပါသည်။
(၄) ဦးရေပြား။ ဦးရေပြားအရေခွံများ ကျွတ်နေသည်ကို တွေ့ရပါက ထိုလက္ခဏာသည် စိတ်ဖိစီးမှု၏လက္ခဏာဖြစ်သည်ဟု ဒေါက်တာစမစ်က ဆိုပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်မှ ကော်တီဆုန်း ဟော်မုန်းကို အများအပြားထွက် စေသည်။ ကော်တီဆုန်းဟော်မုန်း သည် ကိုယ်ခန္ဓာခုခံအားနှင် ဇီဝလုပ်ဆောင်မှုတို့ကို ပျက်ပြားစေသည့် အပြင် ဦးရေပြား ကို လည်း သွေ့ခြောက်စေသည်။ ဦးရေပြားသွေ့ခြောက် ပြီး အရေခွံများကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်း လျှော်ရည် များသုံးစွဲခြင်းဖြင့် ခေတ္တ ပျောက်ကင်းစေနိုင်သော်လည်း လုံးဝပျောက်ကင်းသက်သာစေရန်မူ ဝလင်စွာအိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ အလုပ်မှခေတ္တအနားယူခြင်းတို့ပြုလုပ်ရန် လိုအပ် ပါသည်။
(၅) ဝမ်းဗိုက်။ အမျိုးသမီးများတွင် ဆီးခုံအောက်ဖက်ပိုင်း၌ အမွေးနုများပေါက်လေ့ရှိသည်မှာ သဘာဝပင်ဖြစ်သည်။ သို့ရာတွင် အမွေးနုများ မဟုတ်ဘဲ အမွေးကြမ်းများ ဆီးခုံတစ်လျှောက်တွင်မကဘဲ ဝမ်းဗိုက်အပေါ်ထိပါပေါက်လာပါက မျိုးဥအိမ်တွင် အရည်အိတ် များစွာ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း တက္ကဆက်ဆေးတက္ကသိုလ် သားဖွားနှင့်မီးယပ်ဌာန ဒေါက်တာ ပါမာလဘီရင်ကဆိုပါသည်။ ကျားဟော်မုန်း အများအပြားထုတ်လုပ်မှုကြောင့် သွေးဆင်း များခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းဗိုက်၊ မျက်နှာ၊ ရင်ဘတ်နှင့်နောက်ကျောများတွင် အမွေးကြမ်းများပေါက်ခြင်း တို့ဖြစ်ပေါ်တတ်ပါသည်။ ထိုရောဂါလက္ခဏာ များ ဖြစ်ပေါ်နေသော အမျိုးသမီး(၁ဝ)ဦးတွင် (၅)ဦးသည် မျိုးမပွားနိုင်ခြင်းနှင့် နှလုံးရောဂါကဲ့သို့သော ရောဂါအန္တရာယ်များ ကြုံတွေ့ရ တတ်ပါသည်။ ထိုလက္ခဏာများဖြစ်ပေါ်ပါက သားဖွားနှင့်မီးယပ်ဆရာဝန်နှင့် ပြသသင့်ပြီး ဟော်မုန်းပမာဏထိန်းညှိရန် လိုအပ် ပါသည်။
(၆) လျှာ။ လျှာသည် ပုံမှန်အရောင်အဆင်းမဟုတ်ဘဲ
အဖြူရောင် ဆေးသုတ်ထားသကဲ့သို့ ဖြူဆွတ်ဆွတ်ဖြစ်နေပါက အိပ်မော ကျနေစဉ် အတွင်း အစာအိမ်မှအစာများ နောက်ပြန်ဖိတ်စင်မှုကြောင့်ဖြစ်နိုင်သည် ဟု ဒေါက်တာဖရိုင်ဟိုမာကဆိုသည်။ ပုံမှန်အားဖြင့် အစာမျိုပြွန် အောက်ခြေရှိ တစ်ဖက်ပွင့်အဆို့ရှင်သည် အစာအိမ်အတွင်းသို့ ရောက်ပြီးသောအစာများကို  ပြန်မဖိတ်စင်အောင် ပြုလုပ်ပေးသည်။ ထိုအဆို့ရှင်မလုံသောအခါ အစာခြေအက်ဆစ်များ ခံတွင်း ဘက်သို့နောက်ပြန်ဖိတ်စင် သော ကြောင့် လည်ချောင်းကွဲပြီး လျှာမှာ လည်း အက်ဆစ်များဖြင့် ဖုံးအုပ်နေကာ အဖြူရောင်ဖြစ်၍ ခံတွင်းနံ့ လည်း ဆိုးရွား နေ ပါလိမ့်မည်။ ထိုရောဂါလက္ခဏာကို ပျောက်ကင်းစေရန် အက်ဆစ် ပြေဆေးသောက်သုံးခြင်း၊ (သို့မဟုတ်)အက်ဆစ် များ သော အစား အစာ၊ ပူစပ်သောအစားအစာတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသနိုင်ပါသည်။ မသက်သာပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပြီး ခန္ဓာကိုယ် အတွင်းမှ အက်ဆစ်ထုတ်လုပ်မှုလျှော့ချရန်ဆေးဝါးများ သောက်သုံးသင့်ပါသည်။
(၇) မျက်စိ။ တစ်ခါတစ်ရံတွင် ရုတ်တရက် မျက်ကွင်းညိုလာတတ်ပါသည်။ မျက်ကွင်းညိုရခြင်းတွင် အကြောင်းအရင်းများစွာရှိ တတ်ပါသည်။ ညဥ့်နက်သန်းခေါင်တိုင်အောင် အလုပ်လုပ်ရသောအခါတွင်လည်း မျက်ကွင်းညိုတတ်ပါသည်။ ထိုသို့မဟုတ်ပါလျှင် ရုတ်တရက် မျက်ကွင်းညိုလာမှုသည် ဓာတ်မထည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ လူ့ ခန္ဓာကိုယ်သည် ဓာတ် မတည့်ပစ္စည်းနှင့် တွေ့ဆုံပါက ဟစ္စတမင်းဟူသည့် ဓာတုပစ္စည်းတစ်မျိုးထွက်ရှိပါသည်။ ထိုဓာတုပစ္စည်းသည် သွေးကြောများကို သွေးနှင့်အခြားအရည်များဖြင့် ဖောရောင်စေပြီး အရေပြား၏ အပါးလွှာဆုံးနေရာတွင် အမည်းကွက်များ ဖြစ်ပေါ်စေပါသည်။ ထိုသို့ မျက်ကွင်းညိုလာပါက အရေပြားဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်းဖြစ်စေသော ဓာတ်မတည့်သည့်ပစ္စည်းကို သိရှိကုသနိုင်ပါသည်။ တစ်ခါတစ်ရံတွင် မျက်သားအဖြူပေါ်၌ အနည်းငယ် ကြွတက် နေသော အဖုလေးတွေ့ရတတ်ပါသည်။ သာမန်အားဖြင့် အန္တရာယ်မရှိသော မျက်သားတက်ခြင်းဖြစ်နိုင်ပါသည်။ နေရောင်၊ လေ၊ ဖုန်မှုန့်များ ကြောင့် ဆက်သွယ်တစ် ရှုး များ အလွန်အမင်းကြီးထွားလာခြင်းဖြစ် သည်ဟု မျက်စိအထူးကုဒေါက်တာ ထရေစီဂိုးစတိန်းက ဆိုပါသည်။ ထိုအဖုလေး ဆက်လက်ကြီးထွားမလာစေရန် မျက်စိစိုစွတ် နေစေမည့် မျက်စဉ်းကို အသုံးပြုရမည်ဖြစ်ပြီး အပြင်ထွက်လျှင် နေကာ မျက်မှန် တပ်ရန် လိုအပ်ပါသည်။ နံနက်ခင်းမျက်နှာသစ်ပြီးချိန်တိုင်းတွင် မျက်ခုံးမွေးနှုတ်ရုံ၊ ဝက်ခြံညှစ်ရုံသာမပြုလုပ်ဘဲ မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များကို ရှာ ဖွေကြည့်နိုင်ကြပါစေ။

သင့် ခြေချောင်းလေးများ လှပသန့်စင်သွားစေမည့် အလွယ်နည်းများ

အထူးတလည် ပြုပြင်ပြောင်းလဲဖို့ မလိုအပ်ဘဲ သင့်ခြေချောင်းလေးတွေ လှပသန့်စင်သွားစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပုံမှန်ပြုလုပ်ပေးပါက ခြေထောက်နာကျင်ခြင်း၊ အသားမာတတ်ခြင်း၊ ခြေစွယ်ငုပ်ခြင်းနဲ့ ခြေထောက် အနံ့ဆိုးထွက်ခြင်းတွေကို သက်သာစေပါလိမ့်မယ်။


အသားမာများကို ပုံမှန်ဖယ်ရှားပါ

ခြေထောက် အသားမာတက်တယ်ဆိုတာ အရေပြားက ဆဲလ်သေတွေ တဖြည်းဖြည်းများလာပြီး အချိန်ကြာကြာ ပွတ်တိုက်သန့်စင်မှု မပြုတာကြောင့် အရေပြားပေါ်မှာ မာကျောတဲ့ အသားမာတွေ ဖြစ်ပေါ်လာရတာပါ။ ကြေးတွန်းကျောက် ဒါမှမဟုတ် ကြေးတွန်းတဲ့ဘရပ်ရှ် သုံးပြီး ခြေဖဝါးနဲ့ ခြေဖနောင့်တွေကို ပုံမှန်ရေချိုးတိုင်း ပွတ်တိုက်ပေးကာ၊ ရေချိုးပြီးချိန်မှာ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုး ချက်ချင်း လိမ်းထားလိုက်ပါ။

လက်သည်းခြေသည်း ကျန်းမာစေမည့် အစာစားပါ

သင်ဟာ လက်သည်းခြေသည်း ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သက်သောင့်သက်သာ ဖြစ်စေမယ့် ဖိနပ်မျိုးကို စီးတာတောင် သင့်ခြေသည်းတွေက ပျက်စီးပြီး ခြောက်သွေ့နေတယ် ဆိုရင်တော့ သင်စားတဲ့ အစားအစာထဲမှာ လိုအပ်မှု ရှိနေပါပြီ။ ဗီတာမင်စီ၊ အီး၊ ဘီ-၁၂၊ ဇင့်ဓာတ်တွေ သင့်ခန္ဓာကိုယ်က လိုအပ်နေတာဖြစ်ပြီး၊ ငါး၊ အသား၊ ဥ၊ ဟင်းရွက်သုပ်၊ အာလူးနဲ့ မုန်လာဥနီတွေ ပါဝင်အောင် စားပေးပါ။

ခြေဆစ်ရိုးကို ဂရုပြုပါ

ခြေမနေရာက ခြေဆစ်ရိုးဟာ တဖြည်းဖြည်း ကြီးလာပြီး ကားထွက်လာကာ ခြေချောင်းလေးတွေ ပုံစံပျက်စီးလာတာမျိုးပါ။ ခြေမဘေးက ခြေဆစ်ရိုးဖု တဖြည်းဖြည်း ကြီးလာတာမျိုးပါ။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက်ပိုပြီး တွေ့ရတတ်ပါတယ်။ ခြေဆစ်ရိုးဖု တဖြည်းဖြည်း ကြီးလာတာမျိုး မဖြစ်စေဖို့ ဖိနပ်ကို သင့်ခြေချောင်းလေးတွေထက် ကျယ်တာမျိုး ရွေးစီးပါ။ ခြေချောင်းထိပ်တွေ ကျပ်မနေပါစေနဲ့။ ဒေါက်မြင့်ဖိနပ် မစီးပါနဲ့။ နားလည်တဲ့ ဆရာဝန်ကို ပြသတိုင်ပင်ပါ။

ခြေသည်း ပုံမှန်ညှပ်ပါ

ခြေသည်း အရှည်ထားတဲ့သူ မဟုတ်ရင် သင့်ခြေသည်းတွေကို ပုံမှန်လှီးဖြတ်ပေးတာက ခြေစွယ်ငုပ်တာကို သက်သာစေနိုင်ပါတယ်။ ခြေသည်း ရှည်ထားသူတွေ ဆိုရင်လည်း ခြေသည်းထောင့်စွန်းတွေကို ပုံမှန်လှီးဖြတ်ပေးတာမျိုးနဲ့ ကြေးမဝင်အောင် ဂရုစိုက်ပေးသင့်ပါတယ်။ နှစ်ပတ်တစ်ကြိမ် ခြေသည်းညှပ်ပါ။ ခြေသည်းထောင့်စွန်းတွေကို ချွန်မနေစေဘဲ ချောမွေ့နေပါစေ။

ခြေသည်းဝါခြင်းကို ပြုပြင်ပါ

အရောင်ရင့်ရင့် လက်သည်းဆိုးဆေးတွေကို အချိန်ကြာကြာ အသုံးပြုတာကြောင့် ခြေသည်းခွံတွေ ဝါနေတတ်ပါတယ်။ ခြေသည်းခွံ ဝါနေတာအတွက် ခြေသည်းခွံတွေကိုသာ ပြုပြင်ပေးဖို့ လိုပါတယ်။ လက်သည်းဖျက်ဆေးကို ဂွမ်းဖတ်မှာ ဆွတ်လိုက်ပြီး ခြေသည်းပေါ်မှာ တစ်မိနစ်လောက် ကပ်ထားပြီးမှ ဆေးကြောလိုက်ကာ တံစဉ်းနဲ့ ပွတ်တိုက်ပေးပါ။ ခြေသည်း ခြောက်သွေ့တတ်တာကြောင့် ရေနံဂျယ်လီကို ခြေသည်းနဲ့ ခြေချောင်းလေးတွေပေါ်မှာ လိမ်းပေးပါ။ လက်သည်းဆိုးတွေကြောင့် လက်သည်း ဝါတာမျိုးဆိုရင် ဖော်ပြပါ နည်းလမ်းနဲ့ သုံးကြိမ်ပြုလုပ်ပေးရင် လက်သည်းအရောင် ဖြူလာနိုင်ပေမယ့် လက်သည်းပိုးဝင်လို့ လက်သည်း ဝါတာမျိုးဆိုရင်တော့ နားလည်တဲ့ဆရာဝန်ရဲ့ အကြံကို ယူဖို့လိုပါတယ်။

ခြေထောက် အရေပြား စိုပြည်ပါစေ

ရေဓာတ်ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို ခြေထောက် ပွတ်တိုက်ပြီးချိန်တိုင်း ပုံမှန်လိမ်းပေးဖို့ လိုပါတယ်။ ခြေထောက် အရေပြားက သင့်ခန္ဓာကိုယ်က တခြားအရေပြားတွေထက် ပိုပြီး ခြောက်သွေ့တတ်ပါတယ်။ ရေဓာတ်ပုံမှန် အားဖြည့်ပေးတာကြောင့် ခြေသည်းခွံတွေပါ ပျက်စီးမှုကင်းစေပါလိမ့်မယ်။

ခြောက်သွေ့မှု ရှိပါစေ

ခြေထောက်နဲ့ ခြေချောင်းလေးတွေကြားမှာ ရေစိုနေတာမျိုး မဖြစ်ပါစေနဲ့ အမြဲတမ်း ခြောက်သွေ့နေပါစေ။ ရေစိုနေသေးတဲ့ ခြေအိတ်တွေကို မဝတ်ပါနဲ့။ ခြေစွပ်တွေကို နေ့စဉ် လျှော်ဖွပ်ပြီးမှ ပြန်သုံးပါ။ ခြေအိတ်နဲ့ ဖိနပ်မစီးခင်အချိန်မှာ သင့်ခြေထောက်တွေ စိုစွတ်မနေစေဖို့ ဂရုစိုက်ပါ။

ခြေဖနောင့်ကို ဂရုစိုက်ပါ

ခြေဖနောင့်နေရာမှာ အသားမာတက်တာမျိုး၊ ကွဲအက်တာမျိုး၊ ဖိနပ်ကျပ်ကျပ်တွေကြောင့် ထိခိုက်မိတာမျိုး မဖြစ်စေဖို့ လိုပါတယ်။ ခြေထောက်ရဲ့ဖိအားဟာ ခြေဖနောင့်ပေါ်မှာ အများဆုံး သက်ရောက်မှုရှိတာကြောင့် ခြေဖနောင့်ထိခိုက်မှု ဖြစ်မယ်ဆိုရင် သင့်ခြေလှမ်းတိုင်းကိုလည်း အလှပျက်စေနိုင်ပါတယ်။

ကွန်ပျူတာ အမှိုက်တွေကို ရှင်းလင်းပေးမယ့် နည်း ( ၅ ) နည်း

ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၅)နည်းကို ပြောပြချင်ပါတယ်။
သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။

ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။
အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်ပါ.....။
ကွန်ပျူတာ ပိတ်ခါနီးတိုင်း....ဒီ ( ၅ ) နည်းကိုပုံမှန်လုပ်ပေးခြင်းဖြင့် ကွန်ပျူတာ ပေါ့ပါးနေပါစေ.....။

ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို့

သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။
ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။

အသားအရေထိန်းသိမ်းမယ်

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

နေရောင်ခြည်ဒဏ်က ကာကွယ်မယ်

- နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
- ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
- နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
- နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။


မိတ်ကပ်ကို အားမကိုးပါနဲ့

- ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
- သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား
- မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
- မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
- Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။
- မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
- မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
- ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ၀င်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
- အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်

- ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
- အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
- ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ၀က်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။

ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။

သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး

- ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။
- ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။
- ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။


ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး

- သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။
- ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။
- ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး

- ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။
- ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။
- ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
- အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။
- ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။
- ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။
- ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ

- ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ် ??
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။

ရင်နှင်းအပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ပါေ

Account တစ် ခု မဖြစ် မနေ လုပ် ထားသင့်တဲ့ ဆိုက် ပါ

"ကျွန်တော့်သူငယ်ချင်း ကိုဇောင်း ပြောပြလိုက်တာပါ. ကိုညီနေမင်းက ဖိုင်အများကြီး တင်တဲ့သူဆိုတော့ အဆင်ပြေပါလိမ့်မယ်တဲ့ကျွန်တော် တစ်ခု အကြံရမိပါတယ်. အဲ့အကြံဥာဏ်လေးကို အားလုံးကနေ လက်ခံမယ်၊ ကူညီချင်တယ်ဆိုရင်တော့ဖြင့် အတိုင်းထက် အလွန်ဝမ်းသာမိမှာပါ. အခုပြောတဲ့ဆိုက်လေးက ဖိုင်တင်ရတာ လွယ်ကူတဲ့အပြင် သူငယ်ချင်းတွေ များလာရင်လည်း ဖိုင်သိမ်းဖို့ space များလာပါလိမ့်မယ်. အဲ့ဒီ့တော့ မိမိရဲ့ဖိုင်တွေကို သိမ်းထားချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ခြားသူငယ်ချင်းတွေကို file share ပေးချင် လို့ပဲဖြစ်ဖြစ် အကောင့်တစ်ခုတော့ မဖြစ်မနေ လုပ်ထားသင့်ပါတယ်. တစ်ကယ်လို့ ကျွန်တော့်ဆိုက်ထဲက တစ်ချို့ သေနေတဲ့၊ ကျွန်တော် မသိသေးတဲ့ link (Download လုပ်မရသော link ရှိပါက) အခုဖော်ပြတဲ့ ဆိုက်ကနေ အကောင့်လုပ်ပြီးတော့ Download link ကို ပေးပို့ ပေးနိုင်ပါတယ်. အဲ့ဒီ့ တင်ထားပေးတဲ့ link အတိုင်း ဆိုက်မှာ update အနေနဲ့ အစားထိုးပေးသွားမှာပါ. ပြီးတော့ software အသစ်တွေရှိလို့ ကျွန်တော့်ဆိုက်မှာ တင်ချင်တယ်၊ ပို့စ်အဖြစ် ရေးချင်တယ်ဆိုရင်လည်း မေးလ်ပို့နိုင်ပါတယ်. ကျွန်တော့်ဆိုက်မှာ ၀င်ရေးလို့ရအောင် ကျွန်တော် စီစဉ်ပေးပါ့မယ်. ရေးသားသူနေရာမှာ ပို့စ်တင်တဲ့သူရဲ့ နာမည်ပဲ ပေါ်မှာဖြစ်ပါတယ်. ရေးသားသူ ညီနေမင်းလို့ မပေါ်ပါဘူး. မိမိကိုယ်ပိုင်နာမည် ဒါမှမဟုတ် နာမည်ဝှက်တစ်ခု ပေးလဲပဲရပါတယ်. ဆိုက်ထဲမှာ ရေးသားမည့်သူသည် သူများဆိုက်ထဲမှ ကူးယူထားသည့် link များ မဖြစ်ရပါ. ကိုယ်ကိုယ်တိုင် ရေးသားထားသည့် စာများနှင့် ပုံများဖြစ်ရပါမည်။ လိုအပ်ပါက ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ပါသည်။ ပို့စ်အရေအတွက် များများနှင့် အကောင်းဆုံးတင်နိုင်သူအား. ၀ဘ်ဆိုက်တစ်ခု လက်ဆောင်အဖြစ် အခမဲ့ ဖန်တီးပေးသွားမည်ဖြစ်ပါသည်။

ဆိုက်ရဲ့အားသာချက်
  • Linux, Mac, Window ကြိုက်တဲ့ O/S ကနေ ဖိုင်တင်ခြင်း Download လုပ်နိုင်ခြင်း။
  • ကျွန်တော်တို့ အသုံးများတဲ့ browser များဖြစ်တဲ့ Firefox နှင့် Google Chrome ဖြင့် ကောင်းမွန်လျှင်မြန်စွာ အလုပ်လုပ် ပေးနိုင်ခြင်း။
  • မိမိကြိုက်နှစ်သက်ရာ MP3, MP4 နှင့် အခြား movie format များကို တင်နိုင်ခြင်း
  • လူအများမျှော်လင့်နေကြတဲ့ ဖုန်း software များဖြစ်ကြသော apk, .js, .sis နှင့် အခြားသော format များကို တင်နိုင်ခြင်း။
  • ၀ဘ်ဆိုက်တွင် ဆိုက်တော်တော်များများက လက်မခံသည့် .js ခေါ် javascript ဖိုင်များကိုပါ လက်ခံပြီး တင်ထားနိုင်ခြင်း အစရှိသည့် အားသာချက်ပေါင်းများစွာ ပါဝင်တာကြောင့်မို့ လူတိုင်း အကောင့်အသစ်တစ်ခု လောက်တော့ဖြင့် ပြုလုပ်ထားသင့်ကြောင့် အကြံပြုထားလိုပါတယ်. လတ်တလောကတော့ စိတ်ချရမယ်ဆိုလို့ အဲ့ဆိုက်တစ်ခုတည်းကိုပဲ လက်ရွေးစင်အဖြစ် ရွေးလိုက်ပါတယ်. နောက်ပိုင်း အဲ့ဆိုက်ကနေပဲ download လုပ်ရမှာဖြစ်ပါတယ်. အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.

ဖိုင်တင်နည်းနှင့်account ပြုလုပ်ခြင်း
  • ပထမဦးဆုံး ဒီကို နှိပ်ပြီး website ကို အရင်သွားလိုက်ပါ။
  • ပြီးတာနှင့်  အပေါ်မှာ ပြထားတဲ့အတိုင်း ဆိုက်ကို ရောက်သွားတာနဲ့ sign up ကို နှိပ်ပြီး account အသစ်လုပ်ထားလိုက်ပြီးတော့ ဖိုင်တွေကို သိမ်းဆည်းလို့ရပါပြီ. ဖိုင်တွေကို အချိန်ကြာမြင့်စွာ သိမ်းဆည်းထားနိုင်ပါတယ်. သူငယ်ချင်းတွေကို ဖိတ်ခေါ်နိုင်ရင် ပိုပြီးတော့ အဆင်ပြေပါတယ်. ကျွန်တော် နောက်ပိုင်း အခုဆိုက်ကနေပဲ တင်ပေးသွားမှာ ဖြစ်ပါတယ်. အောက်မှာ ကျွန်တော် တင်ပြထားပါတယ်. လုပ်ဖြစ်အောင် လုပ်ထားလိုက်ပါ. 
  • ဖိုင်ကို တင်ပေးပြီး သူငယ်ချင်းတွေကို share ပေးချင်ရင် direct download link ကိုပါ ပေးလို့ရပါတယ်. 


စေတနာများစွာဖြင့်

Wednesday, June 19, 2013

ဖုန်းမလိုဘဲ gmail အကောင့်သစ် ဖွင့်နည်း

ကျွန်တော် တို့မြန် မာနိုင်ငံသား အင်တာနက် သုံးစွဲ သူတွေ အနေနဲ့ gmail အကောင့်အသစ်ဖွင့် တာနဲ့ ပတ်သက်ပြီး စိတ်ကသိ ကအောက် သိပ်ဖြစ်ရပါတယ်။ 
အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ ။ google ရဲ့ပြောင်းလဲနေ တဲ့ပေါ်လ စီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ် စိတ်လေ ရပါတယ် ။
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ်။
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာ ပိုင်းဆိုင်ရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)

ကဲ .. အခုတော့ တော်တော်လေးလည်း ပျော်စရာကောင်းတဲ့အပြင် အရာရာတိုင်းနီးပါးကို သိလှပါတယ်ဆိုတဲ့ Google ကို လှည့်စားပြီး gmail အကောင့်တွေ လိုသလောက်ဖွင့်နိုင်တဲ့နည်းလေးကို သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ် ..

ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ .. ကြာလာရင် ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိလိမ့်မယ် ..
ကဲ .. စလိုက်ကြစို့ ..
အရင်ဆုံး သူငယ်ချင်းတို့ရဲ့ Browser မှာရှိတဲ့ History တွေအကုန်လုံးကို ရှင်းပစ်လိုက်ပါ (History တွေပဲနော် Bookmark တွေကိုပြောတာဟုတ်ဘူး) မရှင်းရင်လည်းရပါတယ် .. တစ်ခါတစ်ခါ History တွေကြောင့် google က လိမ်ရခက်သွားတတ်လို့ပါ ။
ကဲ .. အဆင်သင့်ဖြစ်ပြီဆိုရင် www.gmail.com ကိုသွားပြီး Create an account ကိုနှိပ်ပါ (ဒါကတော့ မဆန်းပါဘူး gmail အကောင့်ဖွင့်ဖူးသူတိုင်း ဒီအဆင့်ရဲ့နောက်ပိုင်းအဆင့်တွေကိုရော သိပါတယ်)
အကောင့်အသစ်ဖွင့်မယ့် Form ကျလာပြီဆိုရင် အဲဒီထဲမှာ ကိုယ်လိုချင်တဲ့နံမည်ကို ထည့်ပြီး ဖြည့်စရာရှိတာတွေကို ဖြည့်လိုက်ပါ .. email လိပ်စာထည့်ရတဲ့နေရာမှာ လိပ်စာတူရှိနေရင် အဆင်ပြေတဲ့တစ်ခုကို ပြောင်းပေးရမှာပါ .. (ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ)
အဲဒီလို အကောင့်သစ်အတွက် Form ကိုဖြည့်တဲ့နေရာမှာ မဖြစ်မနေလုပ်ရမှာက mobile phone နဲ့ Location ရဲ့အကွက်တွေမှာ United States ကိုမဖြစ်မနေ ရွေးပေးထားဖို့ပါ .. အောက်မှာ ပုံနဲ့ပြထားပါတယ်
အဲဒီထဲက mobile phone အောက်ကအကွက်ထဲမှာ United States ရဲ့အလံတံဆိပ်ဘေးမှာ +1 ဆိုပြီး ပေါ်နေတာလေးကို သတိထားမိမှာပါ .. အဲဒီ +1 လေးရဲ့နောက်မှာ နံပါတ်တစ်ချို့ ရိုက်ထည့်ရမှာမို့ သတိထား မိအောင်လည်း ပြောထားတာပါ .. သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးဖြည့်တာတွေ I agree to .. ရဲ့ရှေ့မှာ အမှန်ဖြစ်လေးတပ်တာတွေကို လုပ်ထားပါ .. Next step ကိုတော့ မနှိပ်သေးပါဘူး +1 ရဲ့နောက်မှာ ထည့်ဖို့ ဖုန်းနံပါတ်လေး သွားတောင်းရဦးမှာမို့ပါ ..
ကဲ .. ဘယ်မှာသွားတောင်းမလဲ .. အများကြီးရှိတယ် .. (Free နော် ..)
သူငယ်ချင်းတို့ရဲ့ Browser ကို Tab အသစ်တစ်ခုထပ်ဖွင့်လိုက်ပါ ..
ပွင့်လာတဲ့ tab အသစ်ရဲ့ Address Bar မှာ www.pinger.com/tfw/ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
အောက်ကပုံအတိုင်း Website တစ်ခုဖွင့်လာပါလိမ့်မယ် .. အကြောင်းကြောင်းကြောင့် အောက်က ပေ့ကို မရောက်ဘူးဆိုရင် http://pinger.com/tfw/ လို့ ပြောင်းပြီးပြန်ရိုက်ထည့်ကြည့်ပါ 
အဲဒီထဲက Sing Up Free ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်
အဲဒီထဲက ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလိုလိုက်ဖြည့်ပေးပါ .. email နေရာမှာတော့ အစောပိုင်းက သူငယ်ချင်းတို့ gmail အကောင့်သစ် Form မှာ ထည့်ထားတဲ့ email လိပ်စာကို ထည့်ပေးလိုက်ပါ . (တစ်ကယ်တော့ စိတ်ကူးထဲရှိရာ email လိပ်စာကို ထည့်ပေးလိုက်လို့ရတယ်)
ပြီးရင် I agree to ... ရဲ့ရှေ့မှာ အမှန်ဖြစ်ထည့် သူရိုက်ခိုင်းတဲ့စာလုံးကို မှန်အောင်ရိုက်ထည့်ပေးပြီး Create ကိုနှိပ်ပေးလိုက် (ပြောထားဦးမယ် username နေရာမှာ စာလုံးအသေးတွေပဲထည့်ရမယ် 16 လုံးထက်လားမသိဘူး မကျော်ရဘူး) .. Create ကိုနှိပ်ပြီးရင် နံမည်တူတာတို့ password နှစ်ခုမကိုက်တာတို့ သူရိုက်ထည့်ခိုင်းတဲ့စာလုံး မှားတာတို့ဖြစ်ရင် နောက်ထပ်ပြန်ပြင်ပေးရပါတယ် ..
ကဲ .. Create ကိုနှိပ်ပြီး အဆင်ပြေသွားပြီဆိုရင်တော့ အောက်ကပုံလေးတက်လာပါမယ် ..
အဲဒီထဲက ကျွန်တော် 12345 လို့ပြထားတဲ့နေရာမှာ အဲဒီအတိုင်းရိုက်ထည့် (တစ်ခြားဂဏန်း ၅ လုံး လည်းရတော့ရတယ် error တက်တာများတယ် .. ဒါကြောင့် 12345 ကိုပဲ ရိုက်ထည့်လိုက်ပါ)
Gender နေရာမှာ ကျား/မ ကြိုက်တာရွေးပြီး အမှတ်တပ်ပေး Age နေရာမှာ ကြိုက်တဲ့အသက်ကို ရွေးပေး (၁၃ နှစ်အောက်ရွေးမိရင် Error တက်လာတတ်ပါတယ်)
ပြီးရင်တော့ Find ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်းပေါ်လာပါမယ် ..
အဲဒီလို ကျလာတဲ့ ဖုန်းနံပါတ်တွေထဲက ကိုယ်ကြိုက်တဲ့ တစ်ခုကို ကလစ်ပေးပြီး Confirm ကိုနှိပ်ပေးလိုက်ပါ .. (မအားတော့တဲ့ နံပါတ်ဖြစ်နေတယ်ဆိုရင် နောက်တစ်ခုကိုပြောင်းပြီး ကလစ် Confirm ကိုထပ်နှိပ် ..) ကျွန်တော်က အပေါ်ဆုံးကနံပါကိုရွေးပြီး Confirm ကိုနှိပ်လိုက်တာ အဆင်မပြေလို့ တစ်ခုပြီး အဲဒီလိုရွေးသွားလိုက်တော့ 1(518) 293-2077 ဆိုတဲ့ လေးခုမြောက်က ဖုန်းနံပါတ်ကိုရလိုက်တယ် ..
ကဲ .. ဖုန်းနံပါတ်အလွတ်တစ်ခုကိုရလို့ Confirm ကိုနှိပ်ပြီး နောက်တစ်ဆင့်တက်သွားရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..
အဲဒီထဲက Cancle ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံလေးပွင့်လာပါမယ် . ( cancel ကိုပဲ နှိပ်ရမှာပါ ok ကိုသွားနှိပ်ရင် တိုင်ပတ်ပြီနော်)
အဲဒီထဲက ညာဖက်အပေါ်ထောင့်နားက options ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ ဖုန်းနံပါတ်ထဲက 1 ကိုချန်ထားခဲ့ပြီး နောက်ကနံပါတ်တွေကို ကော်ပီကူး ယူလိုက်ပြီး ok ကိုနှိပ်ပေးလိုက်ပါ .. ဖုန်းနံပါတ်တစ်ခုကို အသုံးပြုခွင့်ရပါပြီ .. (gmail form မှာက +1 ဆိုတာလေး ပါပြီးသားလေ . ဒါကြောင့် 1 မလိုဘူး)
နံပါတ်ကို ကော်ပီယူပြီးပြီဆိုရင်တော့ gmail အကောင့်ဖွင့်ဖို့ Form ဖြည့်ထားတဲ့ tab ကိုပြန်လာပါ .. 
အဲဒီထဲက mobile phone ဆိုတဲ့အကွက်ထဲက +1 နောက်နားပါကပ်ပြီး ကလစ်ပေးလိုက်ပါ .. ပြီးရင် ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို Paste (ctrl + V ) လုပ်လိုက်ပါ .. အောက်မှာကျွန်တော်ရခဲ့တဲ့ နံပါတ်ကို ထည့်ပြထားပါတယ် .
အဲဒီထဲမှာ +1 ရဲ့နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ဂဏန်းပဲရှိတာကို သတိပြုပါ .. +1 ရဲနောက်မှာ space bar တစ်နေရာမှမခြားပဲ ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို ထည့်လိုက်တာဖြစ်ပါတယ်(ဒီဖုန်းနံပါတ် ထည့်တဲ့နေရာမှာ မှားရင် ဂွမ်းပါပြီ)
I agree မှာ အမှန်ခြစ်တပ်ထားမထား ပြန်စစ်ပါ .. Location မှာ United States ဟုတ်မဟုတ် သေချာစစ်ပါ ..အားလုံးမှန်ပြီဆိုရင်တော့ Next step ကို နှိပ်ပေးလိုက်ပါ .. အောက်က ပုံလေး ပွင့်လာတာကို တွေ့ရလိမ့်မယ်
အဲဒီထဲက Next step ကိုနှိပ်လိုက် .. အောက်ကအတိုင်းပွင့်လာမယ်
အဲဒီထဲက Continue to Gmail ကိုနှိပ် .. အောက်မှာဘာပွင့်လာသလဲကြည့်လိုက်ပါ
ဟိုက်ရှားစ်ပါးစ် ... gmail အကောင့်အသစ်တစ်ခု သေချာပေါက် ပိုင်သွားပြီကွ .. ပြင်းနေပြီလားဗျ .. မပြေင်းသေးရင် .. အဲဒီအကောင့်ကို Sign Out လုပ်ပြီး ထွက်လိုက်ပါဦး ..ပြီး ရင် .. Gmail အကောင့် အသစ်ဖွင့်တဲ့အဆင့်ကိုပဲ အစကနေပြန်သွားပါ ..အကောင့်သစ်အတွက်ဖြည့်ရမယ့် Form မှာ အဆင်ပြေသလိုဖြည့်ပြီး mobile phone အကွက်ထဲမှာ United States ကိုရွေး +1 ရဲ့နောက်မှာ စောစောက သုံးခဲ့တဲ့ ဖုန်းနံပါတ်ကို ပြန်ပြီးထည့်Location နေရာမှာလည်း United States ကိုပြန်ရွေး သူဖြည့် ခိုင်းတဲ့ စာလုံးနှစ်လုံးကို ရိုက်ထည့်I agree to .... ရဲ့ရှေ့မှာ အမှန်ခြစ်တပ်
Next step ကိုနှိပ် ..
ဟိုက် ... နောက်ထပ် အကောင့်အသစ်ခု ထပ်ရပြန်ရောဟ ..
ဗျာ .. တတိယမြောက်အကောင့်လား ... တော်ရောပေါ့ဗျာ .. ဘာဖုန်းမှလည်း မသုံးပဲ google ဆီက ဘတ်ကီးပြပြီးယူလိုက်တာ .. တတိယမြောက်အကောင့်ရောက်ရင်တော့ google က သူငယ်ချင်းကို သတိထားမိသွားပြီး Verification Code တောင်းလာပါလိမ့်မယ် .. ဟုတ်ကဲ့ .. မဖြစ်မနေ ရချင်ရင်တော့ ဒီပို့စ်ကြီးရဲ့ အစအဆုံးပြန်လုပ်ပေါ့ဗျာ ..
ကြိုက်သလောက် လုပ်လို့ရပါတယ်။
ဟို Pinger မှာဖွင့်ထားခဲ့တဲ့ tab ကိုတော့ ပိတ်ချင်ပိတ်ပစ်လိုက် .. လျှောက်ကလိချင်သေးရင် ကလိလိုက်ဦး .. ကျွန်တော်တို့က သူ့ကို ဖုန်းနံပါတ်လေး ခဏလောက် သွားငှားရုံပဲ သုံးလိုက်တာလေ ..
တစ်ခုခုမရှင်းတာတို့ရှိလာခဲ့ရင် ပြန်ပြောပါဗျာ ။
အဆင်မပြေစရာ Error တွေ တွေ့လာရင်လည်း ကျွန်တော့်ကို ပြန်ပြီး မျှဝေကြပါဦးကဲ .. gmail အကောင့်တွေ တစ်လှေကြီး မြန်မာနိုင်ငံသား သူငယ်ချင်းအပေါင်း ပျော်ရွှင်နိုင်ကြပါစေဗျာ .
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုးမှ ကူးယူဖော်ပြပါသည်။

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

 
 
 
 
ခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အသားအရေကို ကျန်းမာလှပစေပါတယ်
ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

(၂) အမြင်အာရုံကို ကောင်းစေပါတယ်
ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

(၃) ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်
သခွားမွှေးသီးကို ဖျော်ရည်ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ 
ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်
သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင်စေပါတယ်။

(၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်
ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမားလာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။

(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်
ဗီတာမင်စီဟာ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်းစေပါတယ်။

(၇) သွေးဖိအားကို လျော့ကျစေပါတယ်
သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျော့ကျစေပြီး သွေးတိုးရောဂါကို လျှော့ချနိုင်ပါတယ်။

(၈) ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးပါတယ်
သခွားမွှေးသီးမှာပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်းစေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။

(၉) မျိုးအောင်မှုကို အားကောင်းစေပါတယ်
ကလေးရဖို့ ကြိုးစားနေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျစေပါတယ်။

(၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်
သခွားမွှေးသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယားတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ်အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျစေပါတယ်

Patten Lock မေ့သွားလျှင် ပြန် ဖြည်နည်း


Android ဖုန်းတွေမှာ ဖြစ်တတ်တဲ့ Lock Pattern အကြောင်းပဲ ထပ်တလဲလဲ မေးနေကြလို့ နောက်ထပ်ဖြေရှင်း တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...:)
 Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ…


ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် …

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ … Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …

ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …

OK နှိပ်လိုက်ပါ။

စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ...
သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …

အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???

PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ

တစ်ထောင့်ငါးရာတန် ဖုန်းတွေအတွက် အင်တာနက်Setting ထည့်သွင်းနည်း လေးပါ


အရင်ဆုံး မိမိဖုန်းရဲ့ Setting >More>Mobile Network>Access Point Names နေရာမှာဖြည့်သွင်းပေးရမှာပါ

Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ

ပြီးလျှင်အောက်ပါအတိုင်း ဖြည့်သွင်းပေးကြရအောင်ဗျာ

Name: mectel

APN: #777

username: card

password: card

APN မပါသောသူများ

PPP Digit မှာ #777 ရေးပေးလိုက်ပါ

Connection Name တောင်းနေပါက mectel ပေးလိုက် လျှင် ပွင့် ပါ ပြီ  မပွင့် လျှင် restart လုပ် ပြီး ဖွင့်ကြည့်ပါ

Download လုပ်မည့်သူများမဖြစ်မနေဖတ်ပေးပါ

Download လုပ်နည်းကို တချို့ အစိမ်းသက်သက်သမားတွေ မသိဘဲ ခဏခဏမေးနေကြတယ်။ ဒီပို့စ်လေး ကိုတော့ ဖတ်ဖြစ်အောင်ဖတ်ပေးပါဗျာ။ ဒါဆိုရင် နားလည်သွားမှာ သေချာပါတယ်။

ပုံ(၁)
 ၁။  မိမိ Download လုပ်မည့် Post ရဲ့ အောက်က Read More button ကို နှိပ်လိုက်ပါ။
ပုံ(၂)
 ၂။ ပြီးလျှင် မိမိ Download လုပ်မည့် link တစ်ခုခုကို ရွေးပြီး နှိပ်လိုက်ပါ။ အခုက Solidfiles ကနေ Download လုပ်မှာဖြစ်လို့ Solidfiles ကို နှိပ်လိုက်ပါတယ်။
ပုံ(၃)
 ၃။  (၅)စက္ကန့်စောင့်ပေးလိုက်ပါ။ 
ပုံ(၄)
၎။ Skip AD ဆိုသည့် button လေးကို နှိပ်ပေးလိုက်ပါ။
ပုံ(၅)
 Download လုပ်ဖို့ အစိမ်းရောင် Download button လေးကို နှိပ်လိုက်ပါ။
ပုံ(၅)

ကဲအခုဆိုရင် ကျနော်တို့ လိုချင်တဲ့ File ကျလာပြီ ဖြစ်လို့ Start Download ကို နှိပ်လိုက်ပါ။
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ။ 
အောက်မှာ ကျနော် video ဖိုင်နှင့် One2up link ကို Download လုပ်ပြထားပါတယ်။ နားမလည်သေး သူများ ကြည့်ရှု့နိုင်ပါတယ်။



  1. File ဖြေမည့် Program များ မရှိပါက ဒီမှာ အားလုံးကို စုစည်းပြီး တင်ပေးထားပါတယ်။
  2. Win rar သီးသန့်လိုချင်ရင်တော့ v-5 ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  3. HJ split ဖြင့်ဖိုင်ဖြေနည်းကို ဒီမှာ ဖတ်ရှု့လေ့လာနိုင်ပါတယ်။ Video ကော ပုံနဲ့ကော ရှင်းပြထားပါတယ်။

gtalk တွင် Zawgyi font မပေါ်ခြင်းပြသနာဖြေရှင်းနည်း

ပြဿနာအဖြစ်အများဆုံးကတော့ IE လို့ခေါ်တဲ့ internet explorer ကနေ Times New Roman (or) တစ်ခြား font တစ်ခုခုကို ရွေးထားပြီး browser ကို Default ယူထားလို့ ဖြစ်တဲ့ ပြဿနာပါ. အဲ့ဒီ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ Mozilla Firefox ကို Default browser အဖြစ် ပြန်ယူလိုက်ရင် အဆင်ပြေသွားမှာပါ. အဲ့တော့ တစ်ခါတစ်ရံမှာ Firefox ကို တင်လိုက်တဲ့အချိန်တုန်းက Mozilla Firefox browser ကို default ထားမှာလားမေးတုန်းက default မထားခဲ့လို့လဲဖြစ်တတ်ပါတယ်. တစ်ခါတစ်ရံ default ထားထားတာတောင်မှ IE နဲ့ gtalk နဲ့ လာငြိတတ်ပါတယ်. ကဲလုပ်ရမှာလေးကို ပြောပြပေးပါ့မယ်.
သေချာသွားအောင်လို့ ၃ နေရာပြင်ပါမယ်.

၁။ Internet explorer (IE) ကိုဖွင့်လိုက်ပါ
  1. Tools ထဲက Internet options ဆိုတာကို ရွေးပေးလိုက်ပါ.
  2. ပြီးတာနဲ့ အောက်ဆုံးက Appearance ရဲ့အောက်က Colors ၊ Languages ၊ Fonts ၊ Accessibility ဆိုတဲ့အထဲက Fonts ဆိုတဲ့ အကွက်ကို နှိပ်လိုက်ပါ။ ပြီးရင် Webpage font: အကွက်မှာ အောက်ဆုံးအထိ ဆွဲချလိုက်ပြီး Zawgyi-One ဆိုတာကို တွေ့အောင်ရှာပြီး ရွေးပေးလိုက်ပါ.
  3. ပြီးရင်တော့ OK ပေါ့.


၂။ Mozilla Firefox ကို ဖွင့်လိုက်ပါ။
  1. Menu bar မှာရှိတဲ့ Tools >> Options ကိုသွားလိုက်ပါ.
  2. Options box ထဲက Content ကိုရွေးပြီးနှိပ်လိုက်ပြီး Default font မှာ Zawgyi-One ပြောင်းပေးလိုက်ပါ။
  3. ပြီးရင်တော့ Ok ကို နှိပ်လိုက်ပါ။

၃။ ဒါကတော့ နောက်ဆုံးအဆင့်ပါ။ Gtalk ကိုဖွင့်ပါ။
ထိပ်ဆုံးက Settings ကို နှိပ်လိုက်ပါ. ပြီးရင် ညာဖက်က အလယ်လောက်မှာရှိတဲ့ Change Font ဆိုတာကိုနှိပ်ပါ။
အဲ့မှာလည်းပဲ Zawgyi-One ပြောင်းပေးလိုက်ပါ။
ပြီးရင်တော့ Ok ကို နှိပ်လိုက်ပါ။

ကဲ ဒီသုံးခုပြီးရင်တော့ အားလုံးအိုကေသွားပါပြီ . အဆင်မပြေတာများရှိရင် ကွန်မန့်ရေးပေးနိုင်ပါတယ်. အဓိကကတော့ IE မှာ Zawgyi-One font ရွေးပေးဖို့ပါပဲ. အများဆုံးအဖြစ်များတာက IE နဲ့ ငြိတတ်တာများပါတယ်. အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်. zawgyi font နဲ့ keyboard ကိုတော့ ကျွန်တော့်ဆိုက်ရဲ့ ညာဖက်အခြမ်းမှာ တင်ထားပေးပါတယ်. မသိတဲ့သူများ ကိုတင်ထားတဲ့ window က 32 bit လား 64 bit လား အရင်ကြည့်ပါ. 32 bit ဆိုရင် ဒီမှာ Download လုပ်ပါ. 64 bit ဆိုရင်တော့ ဒီမှာ Download လုပ်ပါ။ တစ်ချို့ ကိုတင်ထားတဲ့ window က 32 bit လား 64 bit လား မခွဲတတ်တဲ့သူများကတော့ Desktop က My computer (or) Computer ကို right click ထောက်ပြီး properties ကို နှိပ်လိုက်ပါ။ အဲ့မှာ System ဆိုတဲ့စာတမ်းအောက်မှာ system type ဆိုတာကို လိုက်ရှာလိုက်ပါ. သူ့ဘေးမှာ 32 bit ဆိုရင် 32 bit operation system လို့ရေးထားမှာဖြစ်ပြီး 64 bit ဆိုရင်တော့ 64 bit operation system လို့ရေးထားမှာဖြစ်ပါတယ်.